မန္တလေးတိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို) (၇၃) ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုအောင်မြင်သူ(၁၈၄၂)ဦးအား ဆုချီးမြှင့်ပွဲကျင်းပ
May 21,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဘောဂဝတီရပ်ကွက်၊ မဟာဂန္ဓာရုံ စာသင်ကျောင်းတိုက်ဓမ္မာရုံတွင် မေ(၂၁)ရက် နေ့လည်(၁၂)နာရီက မန္တလေးတိုင်းဒေသကြီး ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA (ဗဟို) (၇၃)ကြိမ်မြောက် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဖြေဆို အောင်မြင်သူ(၁၈၄၂)ဦးအား ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ရွှေစေတီကျောင်းတိုက်ဦးစီပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာသာမိနှင့် ငွေတွင်းတူးရကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာ၊ မြို့နယ်သံဃာ့နယကအဖွဲ့ဝင်များ၊ ကျောက်ဆည်တပ်နယ်မှ တပ်နယ်မှူးဗိုလ်မှူးချုပ် သိန်းထွေးနှင့် ခရိုင်/မြို့နယ်စီအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဒုတိယဥက္ကဋ္ဌဒေါက်တာ အောင်မင်းကျော်သူနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။