ပျဉ်းမနား မေ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မြန်မာလယ်ယာဖွံ့ဖြိုရေးဘဏ်ခွဲမှ တောင်သူများအတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က စတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယခုနှစ် မိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်းကျပ် ၂,၅၈၂,၁၅၀,၀၀၀ ကျပ် ထုတ်ချေးပေးရန် လျာထားကြောင်းသိရသည်။
စိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး စပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀,၀၀၀ နှုန်းဖြင့်လည်းကောင်း၊ အခြားသီနှံ တစ်ဧကလျှင် ၁၀၀,၀၀၀ နှုန်းဖြင့်လည်းကောင်း ထုတ်ချေးပေးလျက်ရှိရာ တောင်သူတစ်ဦးကို စိုက်ပျိုးမြေဧက ၁၀ ဧကအထိ ထုတ်ချေးနိုင်ကြောင်း၊ အတိုးနှုန်းအနေဖြင့် ငွေကျပ် ၁၀၀ ကို တစ်နှစ်လုံးအတွက် ၅ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ပြီး သီးနှံပေါ်ချိန် ပြန်ဆပ်သည့်အခါ အတိုးအရင်းပေါင်းကာ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။
ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်ခွဲမှ ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတွင် ပျဉ်းမနားမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၆ အုပ်စု၊ ဇမ္ဗသီရိမြို့နယ်မှ ကျေးရွာအုပ်စု ၃ အုပ်စုနှင့် ဥတ္တရသီရိမြို့နယ်ရှိ ကျေးရွာအုပ်စု ၇ အုပ်စုတို့မှ တောင်သူပေါင်း ၄၃၁၄ ဦးတို့၏ စပါးစိုက်ဧက ၁၇၃ ဧကနှင့် အခြားသီးနှံစိုက်ဧက ၆၈ ဧက အတွက် စုစုပေါင်းငွေကျပ် ၂,၅၈၂,၁၅၀,၀၀၀ ကျပ်အား လျာထားလျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်နန့်တင်စန်းထံမှ သိရသည်။
မျိုးသီဟ(ပြန်/ဆက်)