ဒေးဒရဲမြို့နယ်၌ ကျေးရွာများအရောက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်
May 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့သည် စစ်ကြောင်းကြီး(၅)ကြောင်းအသွင်ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ နံနက်(၁၁)နာရီက မှော်အိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။