လက်ပံတန်း မြေစီးကျေးရွာအုပ်စု၌ ပေါ့ဆမှုကြောင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

လက်ပံတန်း  မေ ၂၇

လက်ပံတန်းမြို့နယ် မြေစီးကျေးရွာအုပ်စု ဖိုးရဲသာကျေးရွာ၌ ယမန်နေ့ နေ့လယ် ၁၂ နာရီက ​နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့​ပြီး ၁၂ နာရီ ခွဲတွင် မြို့နယ် မီးသတ်တပ်ဖွဲ့ ဝင်များက စုပေါင်း အင်အားနှင့် ​မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြေစီးအုပ်စု၊ ဖိုးရဲသာ ကျေးရွာနေ ဦးဖုန်း(၅၆)နှစ် ၎င်း၏ နေအိမ် ဆိတ်မွေးမြူရေးခြံတွင် မီးဖိုထားခဲ့ပြီး ထောက်ကြံ့ကွင်းကျေးရွာသို့ အလုပ်ကိစ္စဖြင့် သွားရောက်နေစဉ် ဆိတ်ခြံအမိုးအား မီးစတင်လောင်ကျွမ်းခဲ့ပြီး နေအိမ်ကို မီးကူးဆက်လောင်ကျွမ်းခဲ့သဖြင့် ၁၀×၁၂ ပေ ပတ်လည်၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်းမြေစိုက်တစ်ထပ်အိမ်တစ်လုံး ကာလတန်ဘိုးကျပ် ၉၀၀၀၀ နှင့် ၁၀ပေ ပတ်လည် သက္ကယ်မိုးဝါးတန်းကာ ဆိတ်ခြံတစ်လုံး ကာတန်ဘိုး ကျပ် ၁၀၀၀၀ ခန့် ပျက်ဆီးဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာ သုံးစွဲခဲ့မှုကြောင့် ဦးဖုန်း (ဘ)ဦးပြောင်စီအား ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)