အုတ်တွင်းမြို့နယ်အတွင်း လေဘေးသင့် အိမ်ထောင်စုများအား အိမ်အသုံးအဆောင်ပစ္စည်းများနှင့် ဆန်များ ထောက်ပံ့ငွေပေးအပ်

အုတ်တွင်း မေ ၂၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်မြို့နယ် ဥယျာဥ်တော်ကျေးရွာအုပ်စု၌ မေ ၂၄ ရက်က ဖြစ်ပွားခဲ့သော လေဘေးသင့် အိမ်ထောင်စုများအား ပျက်စီး ဆုံးရှုံးမှုများအတွက် မေ ၂၅ ရက် ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် လေဘေးသင့် အမိုးလန်နေအိမ် ၁၁ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၂၆၀၀၀ဝ၊ အိမ်ထောင်စု ၁၁ စုရှိ လူဦး ရေ ၃၈ဦး အတွက် ဆန်ရိက္ခာ ခုနစ်ရက်စာဖိုး ထောက်ပံ့ငွေကျပ် ၇၉၈၀ဝ စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၃၃၉၈၀ဝ တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ အုတ်တွင်းမြို့နယ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)