ရသေ့တောင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ရသေ့တောင်  မေ ၂

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများ၏ စားသောက်ရေးအဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယမန်နေ့ ညနေပိုင်းက ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးကျေးရွာအုပ်စု၊ ပြားချောင်းကြီးကျေးရွာ၊ အလယ်ရွာချေကျေးရွာနှင့် ပြင်ခေါင်ကျေးရွာများတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် ရသေ့တောင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ ဦးထွန်းမြတို့က စားအုံးဆီများကို ပေါက်ဈေးထက် သက်သာသောဈေးနှုန်းနဲ့ စားအုံးဆီ(၁)ပိသာလျှင် ငါးထောင်ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများက တစ်ခဲနက်ဝယ်ယူခဲ့ကြပြီး စားအုံးဆီပိသာ(၂၄၀)အား ရောင်းချပေးနိုင်ခဲ့ကြောင်း ဆီလုပ်ငန်းရှင် များအသင်းမှ ဦးထွန်းမြထံက ပြောသည်။

ရသေ့တောင်(ပြန်/ဆက်)