ရန်ကုန် ဒီဇင်ဘာ ၃၀
၂၀၂၃ ခုနှစ် တတိယအကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဆောင်းရာသီ တံခွန်စိုက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဗိုလ်လုပွဲပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃နာရီက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားရုံ(၁) သု၀ဏ္ဏ၌ ကျင်းပသည်။
ဗိုလ်လုပွဲပြိုင်ပွဲများ၌ အမျိုးသားဆယ်ပေါက်တန်း ဗိုလ်လုပွဲတွင် တော်၀င်ဌေးရတနာ အသင်းက ဇမ္ဗရတနာအေးအသင်းကို ရမှတ် ၁၃၅၃၊ ၁၂၄၂ ရမှတ်ဖြင့်လည်းကောင်း၊ အမျိုးသား ခြောက်ပေါက်တန်းတွင် ကာကွယ်ရေးအသင်းက သူရိန်မင်းအသင်းကို ရမှတ် ၁၀၉၈၊ ရမှတ် ၁၀၃၀ ဖြင့်လည်းကောင်း၊ အမျိုးသမီးလေးပေါက်တန်းတွင် စာဥအသင်းက ခေတ္တရာရွှေပြည်အသင်းကို ရမှတ် ၅၉၀၊ ရမှတ် ၅၁၉ဖြင့် အသီးသီး အနိုင်ရရှိသွားကြသည်။
ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယဆု၊ အသင်းအသန့်ရှင်းဆုံးဆု၊ အကောင်းဆုံး အားကစားသမားဆုများ ရရှိကြသောအား ကစားသမားများအား မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယကဦးစိုးတင့်၊ ဥက္ကဋ္ဌ ဦးသက်လွင်၊ တပ်မတော်ခြင်းလုံးကော်မတီဥက္ကဌဗိုလ်မှူးချုပ်ရဲလွင်၊အားကစားနှင့်ကာယပညာဦးစီးဌာနမှ
ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်မှ တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ အမှုဆောင်များက တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် ဆယ်ပေါက်တန်းတွင် ခြောက်သင်း၊ ခြောက်ပေါက်တန်းတွင် ၁၁ သင်း၊ လေးပေါက်တန်းတွင် လေးသင်း၊ အားကစားသမား ၂၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)