မိုးညို ဒီဇင်ဘာ ၃၀
အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းသိဒ္ဓိက အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ရေးစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ ခေတ်မီအဆင့်မြင့်မီးငြှိမ်းသတ်ရေးပစ္စည်းကရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာစနစ်တကျကိုင်တွယ် ထိန်းသိမ်းအသုံးပြုတတ်စေရန်အတွက် အဆင့်မြင့်မီးငြှိမ်းသတ်ရေးနည်းစနစ်များကို လက်တွေ့လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ မီးဘေးအပါအဝင်အခြားသဘာဝဘေးများကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း တက်တက်ကြွကြွပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရေး သင်တန်းဆင်းအမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းသန်းစိုးက သင်တန်းတွင် ပထမ၊ ဒုတိယဆုရရှိသော သင်တန်းသား(၂)ဦးအား ဆုများချီးမြှင့်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်းက သင်တန်းဆင်းအရန်မီးသတ်တပ်ဖွဲ့ဝင်များ(ကိုယ်စား) အရန်မီးသတ်ဒုတပ်ခွဲမှူး ဦးဝင်းနိုင်အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ပြီး သင်တန်းကို ဒီဇင်ဘာ(၄)ရက်နေ့မှ (၂၉)ရက်နေ့ထိ သင်တန်းသား(၅၀)ဦးအား လက်နက်မဲ့စစ်ရေးပြ၊ မီးသတ်ပညာရပ်ဆိုင်ရာကိစ္စများ၊ ရှာဖွေကယ်ဆယ်ရေးပညာရပ်ဆိုင်ရာကိစ္စများ၊ ပြန်လည်လေ့ကျင့်ခြင်းနှင့် ဆွေးနွေးခြင်းဘာသာရပ်များအား သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)