ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ အုန်းတောကမ်းကျေးရွာအုပ်စုအတွင်းရှိ တိုင်းဒေသကြီးအစိုးရခွင့်ပြုငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဘုတ်ပြင်း  ဒီဇင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်းကျေးရွာအုပ်စု ကွင်းအမှတ်-၆၁၂(က)၊ (၁၁၁)ဧက၊ ၆၁၂(ခ) (၄၂)ဧကတွင် မိုးစပါးများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရေငံတားတာ(လယ်သမားတာ)(၁၂၀၀၀)ပေ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ယမန်နေ့က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေငံတားတာ(လယ်သမားတာ)အောက်ခြေ ၂၈ ပေ၊ အမြင့် ၈ ပေ၊ ထိပ်ဝ ၁၂ ပေရှိ စုစုပေါင်းတာအရှည်(၁၂၀၀၀)ပေ တည်ဆောက်နေမှုအခြေအနေအား ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်ကျော်‌အောင်တို့က ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

ဘုတ်ပြင်းမြို့နယ်တွင် မိုးစပါးများကို နှစ်စဉ်စိုက်ပျိုးဧက တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် အုန်းတောကမ်းကျေးရွာအုပ်စုအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)