ဝါးခယ်မမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အာဟာရဒါန ကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်

ဝါးခယ်မ ဒီဇင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် အာဟာရဒါန ကျွေးမွေးခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြန်မာ့ စီးပွားရေးဘဏ်၌ ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဖြိုး‌ဝေလင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းနှင့် တာဝန်ရှိသူများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေ ထုတ်ယူလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများအား တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး ကျန်းမာရေးစစ်ဆေးခြင်းနှင့် အာဟာရဒါနတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်တွင် လစဉ် (၂၁)ရက်နေ့တွင် ပင်စင်လစားများ စတင်ထုတ်ပေးလျက်ရှိရာ ပင်စင်စားဦးရေ စုစုပေါင်း (၂၇၈၅)ဦးရှိသည့်အနက် ယနေ့ထိ လာရောက်ထုတ်ယူသူ (၁၆၀၅)ဦး ရှိကြောင်း ကျန်ရှိသူများအား ဘဏ်လုပ်ငန်းချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)