ငပုတော ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတက်စေရန်နှင့် လွတ်လပ်ရေး၏ အဓိပ္ပာယ်ကို သိရှိနားလည်စေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင်တစ်ဦးချင်းက မိမိယှဉ်ပြိုင်မည့် ခေါင်းစဉ်အား မဲနှိုက်၍ မိမိကျရာ ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ငပုတောမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့်၊အလယ်တန်းအဆင့်၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများကို ကျင်းပလျက်ရှိပြီး ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)