ဒေးဒရဲမြို့နယ် တော်ကမယ်ကျေးရွာတွင် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ဒေးဒရဲ ဒီဇင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တော်ကမယ်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ကျေးရွာနေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များကျန်းမာကြံ့ခိုင်ရေးစေရေးအတွက်  ဒီဇင်ဘာလလူထုလမ်းလျှောက်ပွဲကို ယမန်နေ့နံနက်(၅)နာရီက တော်ကမယ်ကျေးရွာ လမ်းမများတစ်လျှောက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူထုလမ်းလျှောက်ပွဲသို့ မြိုနယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ဝန်ထမ်းများ၊ တော်ကမယ်ကျေးရွာဘင်ခရာတပ်ဖွဲ့ဝင်များ၊ ပန်းပွားအကအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်သား၊ ကျောင်းသူများ၊ ပြည်သူများက ကျေးရွာလမ်းမတစ်လျှောက် တပျော်တပါး စုပေါင်းလမ်းလျှောက်ခြင်း၊ ကျေးရွာဘောလုံးကွင်းတွင် ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရပြီး လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲသူများအား တော်ကမယ်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က ကောက်ညှင်းပေါင်းများဖြင့် ဧည်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း