ဝါးခယ်မ ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အောင်ဇေယျခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဝါးခယ်မမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ (နွေစပါး) စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ တောင်သူများ တက်ရောက်ရာ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းမှ အမှာစကားပြောကြားခြင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသည့် ဆန်စက်လုပ်ငန်းရှင်နှင့် တောင်သူများမှ သိလိုသည့် အကြောင်းအရာများအား မေးမြန်းဆွေးနွေးခြင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (နွေစပါး) စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ စာချုပ်ချုပ်ဆိုခဲ့ကြကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)