နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥတ္တရသီရိမြို့နယ်အတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၃၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် (ခုတင်- ၅၀) ပြည့်သူ့ဆေးရုံ အတွင်းအပြင်တွင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကျန်းမာ​ရေးဝန်ထမ်းများ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် လူမှုရေးအသင်းအဖွဲ့များက သစ်ပင်များ၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဥတ္တသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စုအတွင်းရှိ ရတနာဆန်စက်သို့သွားရောက်၍ ဆန်စက်ကြတ်ခွဲနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိက ဆန်ကြိတ်ခွဲနေမှု အခြေအနေများနှင့် ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အဆိုပါဆန်စက်၌ ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးစေလိုကြောင်း၊ ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးပြီး ဒေသတွင်းကြိတ်ခွဲစားသုံစေလိုကြောင်း၊ သီးထပ်စွမ်းအားများ တိုးတက်ရေး၊ ပန်တိုင်အထွက်နှုန်းကောင်းမွန်ရေးကို ရည်မှန်းချက်ထားဆောင်ရွက်ကြစေလိုကြောင်း၊ သွင်းအားစုဖြစ်သည့် ဓာတ်​မြေဩဇာများကို သဘာဝမြေဩဇာများနှင့်ပေါင်းစပ်ပြီး နည်းစနစ်မှန်မှန်ကန်ကန်သုံးစွဲစေလိုကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံရုံမက ပြည်ပပို့ကုန်အဖြစ် အရည်အသွေးမီ၊ အဆင့်မီသည့်ထုန်ကုန်များဖြစ်အောင် အလေးထားဆောင်ရွက်စေလိုကြောင်း ပြောကြားပြီး တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဥတ္တသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာအတွင်းရှိ ဝါးတူစက်ရုံသို့သွားရောက်၍ ဝါးတူလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ရှင်းတင်​ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းများကို ပြည်ပသို့တင်သွင်းနိုင်သည့် တန်ဖိုးမြင့် ကုန်ချောများထုတ်လုပ်နိုင်ရှိရေး၊ ဘေးထွက်ပစ္စည်းများကို ခေတ်မီနည်းပညာများဖြင့် ဆန်းသစ်တီထွင်ပြီး တန်ဖိုးမြင့်ထုတ်ကုန်များ ဖြစ်အောင်ဆောင်ရွက် စေလိုကြောင်းမှာကြားသည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဥတ္တသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ ဦးလှထွန်း၏ မြေပဲစိုက်ခင်းအနီး ယာယီ ရှင်းလင်းဆောင်တွင် တောင်သူများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက ဥတ္တသီရိမြို့နယ်အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သီးနှံစိုက်စွမ်းအားတိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တောင်သူများက လက်ရှိစိုက်ပျိုးထားသည့် ဆီထွက်သီးနှံများ၏ အခြေအနေများနှင့် ယခင်ထွက်ရှိသည့် ထွက်နှုန်းများကို တင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ စပါးအပါအဝင် ဆီထက်သီးနှံများ၊ ဆောင်းသီနှံများ၊ နွေသီးနှံများကို အထွက်နှုန်းကောင်းမွန်စေ ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းစနစ်များကို လစ်ဟာမှုမရှိ စနစ်တကျ လိုက်နာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မြေများကို လှစ်ထားခြင်းမပြုရေးနှင့် သီးထပ်စွမ်းအားများတိုးတက် ကောင်းမွန်အောင် စိုက်ပျိုးကြစေလိုကြောင်း၊ ထို့အပြင် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာဆီ စသည့်ဆီထွက်သီးနှံများကို တိုးချဲပြီးစိုက်ပျိုးကြရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးနည်းကို နည်းစနစ်ကျကျစိုက်ပျိုးမှသာ ပန်းတိုင်အထွက်များတိုးတက်ထွက်ရှိပြီး တစ်ဦးချင်ဝင်ငွေများ တိုးလာမှာဖြစ်ကြောင်းပြောကြာပြီး တောင်သူဦးလှထွန်း၏ အောင်မြင်ဖြစ်ထွန်းနေသည့် မြေပဲစိုက်ခင်းကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်သည့် နေပြည်တော်အုတ်စက်ရုံသို့ သွားရောက်၍ စက်ရုံအတွင်း အုတ်များ ထုတ်လုပ်နေသည့် လုပ်ငန်းများကိုကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အုတ်ထုတ်လုပ်နေမှု အခြေအနေများ၊ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများ၊   ကုန်ထုတ်လုပ်မှုဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည်  ဥတ္တသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာအနီးတွင် နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ပုန်းတက်ရိုးပေါ်တွင် ရေမြှင့်ရေထိန်း အဆောက်အအုံတည်ဆောက်ခြင်းနှင့် တူး​မြောင်း ပုံစံကျပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ နေပြည်တော်ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် တောင်ညိုကျေးရွာအုပ်စု၊ ပင်းတီးကျေးရွာအနီး ပင်းတီးချောင်း ကမ်းပါးပြို ကာကွယ်ရေးအတွက် ကမ်းပါးထိန်းလုပ်ငန်း တည်ဆောက်နေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကိုမှာကြားပြီး ပင်းတီးကျေးရွာအနီးတွင် အောင်မြင်ဖြစ်ထွန်း နေသည့် နေကြာစိုက်ခင်းကို ကြည့်ရှုအားပေးခဲ့​ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)