စစ်ကိုင်း ဒီဇင်ဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ယမန်နေ့ နံနက် ၆ နာရီခွဲက ဒီဇင်ဘာအားကစားလ ပဉ္စမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကိုကျင်းပရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ စုစုပေါင်းအင်အား ၁၁၅၀ ဦးခန့်က တပျော်တပါး စုပေါင်းလမ်းလျှောက်ကြသည်။
ယင်းနောက် ကိုယ်ကာယလေ့ကျင့်ခန်း အမှတ်စဉ်(၁)၊ အမှတ်စဉ်(၂)နှင့် Physical Fltness Dance တေးသီချင်းများဖြင့် သွေးပူလေ့ကျင့်ခန်းအား စုပေါင်းဆောင်ရွက်ခဲ့ကြပြီး လူထုစုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူများအား ကောက်ညှင်းပေါင်းနှင့်အကြော်များဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
ထို့နောက် စားပွဲတင်တင်းနစ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က ပထမဆုရရှိသော အမျိုးသားအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်မြတ်သော်က ပထမဆုရရှိသော အမျိုးသမီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသား ဆုများကိုလည်းကောင်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ တာဝန်ရှိသူများက ဒုတိယဆုနှင့် တတိယဆုရရှိသော အမျိုးသားအသင်းများအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆုများကိုလည်းကောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနွဲ့မောင်က ဒုတိယဆုရရှိသော အမျိုးသမီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကိုကိုက တတိယဆုရရှိသော အမျိုးသမီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရအသင်းများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)