၂၀၂၃ -၂၀၂၄ ပညာသင်နှစ် (Grade-12) သင်ရိုးသစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်း

ဘုတ်ပြင်း ဒီဇင်ဘာ ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade-12) သင်ရိုးသစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ခရိုင်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade-12) သင်ရိုးသစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခရိုင်အသီးသီးတွင် ပြုလုပ်ကျင်းပလျက်ရှိကြောင်း၊ ဘာသာရပ်များအလိုက် ဆရာ/ဆရာမများက ကျွမ်းကျင်စွာသင်ကြားပို့ချနိုင်ရေးနှင့် ကျောင်းသား/သူများအား ဘာသာရပ်များကို ပိုင်နိုင်စွာလေ့ကျင့်သင်ကြားပေးခြင်းဖြင့် အောင်ချက်မြင့်မားရေးအတွက် အထောက်အကူ ပြုမှာဖြစ်ပါကြောင်း၊ ဆရာကြီး၊ဆရာမကြီးများ၊ နည်းပြများ၏ဆွေးနွေးပို့ချမှုမျးကို ဆွေးနွေးပွဲတက်ရောက် လာသည့် ဆရာ၊ဆရာမအများအနေဖြင့် တက်ကြွစွာပါဝင်ဆွေးနွေးရင်း အချန်တိုတိုအတွင်း ဘာသာရပ် အားလုံးကိုအောင်မြင်စွာ ဆွေးနွေးသွားစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဘုတ်ပြင်းခရိုင် ပညာရေးမှူး ဦးဉာဏ်ထွန်းက အလုပ်ရုံဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်များနှင့် ပတ်သက်သည်များ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက်  ဆရာကြီး၊ဆရာမကြီး နည်းပြများနှင့် ဆွေးနွေးပွဲတက်ရောက်သူများက ဘာသာရပ် အခန်းအလိုက် တက္ကသိုလ်ဝင်တန်စာမေးပွဲမေးခွန်းနှင့် နည်းပြများကဦးဆောင်ဆွေးနွေးခြင်း၊ ပြန်လည်ဆွေးနွေးခြင်း၊ ဘာသာရပ်ဆိုင်ရာသင်ရိုးသစ်သင်ခန်းစာများနှင့် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်နိုင်ရေးစသည့်များကို (၁)ရက်တာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ နည်းပြများ၊ ကြီးကြပ်သူဆရာကြီး၊ဆရာမကြီးများ၊ ဘာသာရပ်သင်ဆရာ၊ ဆရာမများ စုစုပေါင်း(၄၅)ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)