ကျောက်တလုံးကြီးမြို့၊ ဆောင်းဖိုးအခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားကွင်းဆင်းဆောင်ရွက်

ကျောက်တလုံးကြီး ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်း(၂) စီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဒီဇင်ဘာလ ၂၉ ရက် နံနက် ၉ နာရီမှစတင်၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပန်းခင်း(၂)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုလဝကမှူး ဦးအောင်မျိုးသူနှင့်ဝန်ထမ်းများက ဆောင်းဖိုး အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၇၉) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများ လူမှုဘဝပြည့်စုံရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဇော်နိုင်လင်း