မိုင်းယောင်းမြို့၌ နွေစပါးအထွက်နှုန်းတိုးတက်ရေးဆွေးနွေး

မိုင်းယောင်း ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်တွင် နွေစပါးအထွက်နှုန်းတိုးတက်ရေး တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ဝမ်မန်းအုပ်စု ကျန်းတောင်း ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစံလင်းနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းတို့က သီးနှံများအထွက်နှုန်းသာမက အရည်အသွေးတိုး တက်ကောင်းမွန်စေရေးအတွက် မြေအမျိုးအစားအလိုက် မြေချဉ်ငန်ကိန်းလွန်ကဲမှုများအားပြုပြင်နည်းများ၊ စိုက်ပျိုးမည့်သီးနှံအလိုက် ကုန်ကျစရိတ်နည်းနည်းနှင့် ထိရောက်သည့် အာဟာရဓာတ်ထည့်သွင်းရမည့် နှုန်းထားများ၊ ငွေစပါးသီးနှံစိုက်ပျိုးနည်းစနစ်နှင့် မျိုးကွဲအလိုက် သက်တမ်းပေါ် မူတည်၍ယူရီးယား၊ ဖော့စဖိတ်နှင့် ပိုတက်ဓာတ်မြေဩဇာ ထည့်သွင်းရမည့်အချိန်၊ နှုန်းထားနှင့် စနစ်တကျသုံးစွဲနည်းများ၊ စပါးပင်သက်တမ်းအလိုက် ရေလိုအပ်မှု အခြေ အနေနှင့် သီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို အသိပညာပေးဆွေး နွေးခဲ့ကြသည်။ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် စားရေရိက္ခာဖူလုံစေရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါကျေးရွာတွင် နွေစပါးစိုက်ပျိုးထားရှိမှုကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း