လှိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး

လှိုင် ဒီဇင်ဘာ ၃၀

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုရှိ မြို့နယ်လေးမြို့နယ်၌ ဒီဇင်ဘာလဆန်းမှ စ၍ဆောင်ရွက်နေပြီး မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဥ်ကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိသည်။

ဒီဇင်ဘာ ၃၀ ရက်တွင်လည်း လှိုင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ပထမနေ့အဖြစ်  အ.ထ.က(၁)ဘုရင့်နောင်ခန်းမ၌ ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် လှိုင်မြို့နယ် ရပ်ကွက်(၈)ရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူ ၄၃၀ ဦး တက်ရောက်ကာ လက်တွေ့ စမ်းသပ်မဲပေးလေ့လာကြကြောင်းနှင့် သက်ဆိုင်ရာခရိုင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများက မဲဆန္ဒရှင်များအား  ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)