လယ်ဝေး ဒီဇင်ဘာ ၃၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းဝင်များ၊ စာရေးဆရာများဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာရေးဆရာ မောင်ငြိမ်းသူ(ကြို့ပင်ကောက်) ရေးသားသည့် မြအဖူးတွေသစ်သစ်ဝေနှင့် လူငယ်ဝတ္ထုတိုများ စာအုပ်တွင်ပါဝင်သည့် ဝတ္ထုများအားဖတ်ရှု၍ စာရေးဆရာမဇင်(ရန်ကုန်တက္ကသိုလ်)၊ ဆရာသဘာဝ၊ ဆရာမခင်လေး (ပြည်ထောင်စုနယ်မြေ)၊ ဆရာကျော်လွင်မြင့်(မှော်ဝန်း)၊ ဆရာဟန်ညွန့်(ယဥ်ကျေးမှု)၊ ဆရာမောင်လေပြေ(တောင်တွင်း)၊ ဆရာရွှေလက်ပံ၊ ဆရာမောင်သန်းညွန့်(မြစ်ခြေ)၊ Book Club အသင်းဝင်များဖြစ်သည့် ဦးဇော်အောင်၊ ဦးခင်မောင်ထွန်း၊ ဦးမင်းမင်းသိဏ်းနှင့် စာပေဝါသနာရှင်များက ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)