သတင်းများ

ကာလိမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နေ့လယ် (၁၂) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 01,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲပိုင်းက အ.ထ.ကကျောင်းနှင့် အ.ထ.က(ခွဲ)ကျောင်းတို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
သံတွဲမြို့၌ ကြက်ဥနှင့်အသားများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Jan 01,2024
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၇ နာရီမှ စတင်၍ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းဝန်းအတွင်း၌ ဝန်ထမ်းမိသားစုများအား ကြက်ဥနှင့်အသားများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာချင်းဆက်လမ်းသစ်ဖွင့်ပွဲကို ထန်းတပင်မြို့နယ်တွင် ကျင်းပ
Jan 01,2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွာချင်းဆက်လမ်းသစ်ဖွင့်ပွဲကို ဒီဇင်ဘာလ(၃၁)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျူတောကျေးရွာအုပ်စု၊ သံတဇာကျေးရွာနှင့် ကောက်ကွေ့ကျေးရွာချင်းဆက်လမ်းတွင် ကျင်းပပြုလုပ်ခဲ့ကြရာ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရွှေတောင်မြို့နယ်၊ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းရှိ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်၊ ဆီ၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များရောင်းချပေး
Jan 01,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်စီစဥ်မှုအရ သက်သာသောစျေးနှုန်းဖြင့် ရွှေတောင်မြို့နယ်၊ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းရှိဆရာ / ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်၊ ဆီ၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များရောင်းချပေးခဲ့သည်။
မိုင်းယုမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 01,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
မြို့သစ်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Jan 01,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်းယောင်း၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု မော်တော်ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်
Jan 01,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အသက်မွေးဝမ်းကြောင်းအထောက်အကူပြု မော်တော်ဆိုင်ကယ်ပြင်သင်တန်းကို ယနေ့နံနက် ၉ နာရီက ဟောင်ကြန့်အုပ်စု၊ ယမ်းခမ်းကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။