ကွမ်းခြံကုန်းမြို့နယ်၌ မိုးရာသီလေကာအုန်းပင် စိုက်ပျိုးပွဲတော်ကျင်းပ
Jun 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့၏ ဦးဆောင်မှုဖြင့် သဘာဝပတ်ဝန်ကျင်းစိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် အပူချိန်လျော့ချစေရန် ရည်ရွယ်၍ မိုးရာသီလေကာအုန်းပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က တောင်ဘက်ပိုင်းရပ်ကွက် လမ်ဘေးဝဲယာတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။