ရွှေတောင်မြို့နယ်၊ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းရှိ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်၊ ဆီ၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များရောင်းချပေး

ရွှေတောင် ဇန်နဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်စီစဥ်မှုအရ သက်သာသောစျေးနှုန်းဖြင့် ရွှေတောင်မြို့နယ်၊ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းရှိဆရာ / ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်၊ ဆီ၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များရောင်းချပေးခဲ့သည်။

အဆိုပါ ရောင်းချပေးရာသို့ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ရွှေတောင်မြို့နယ်၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းရှိဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်ကျောက်ရွေးဆန်တစ်ပြည်လျှင်(၃၀၀၀ိ/-)ကျပ်နှုန်းဖြင့် ဆန်(၃)အိတ်၊ ကြက်သား(၁) ပိဿာ(၇၅၀၀ိ/-) ကျပ်နှုန်းဖြင့် (၁၀)ပိဿာ၊ ငါး(၁)ပိဿာ(၄၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၁၀) ပိဿာ၊ စားအုန်းဆီ(၁)ပိဿာ၊ (၅၈၀၀ိ/-) ကျပ်နှုန်းဖြင့်(၁၁၀)ပိဿာ၊ ကြက်ဥ(၁)လုံး (၂၀၀ိ/-) ကျပ်နှုန်းဖြင့် (၃၀၀) လုံး၊ ပန်းဂေါ်ဖီတစ်ပွင့် (၃၀၀ိ/-)ကျပ်နှုန်းနှင့် မုန်လာဥတစ်စီး(၂၀၀ိ/-)ကျပ်နှုန်းတို့ဖြင့် ဖြန့်ဝေရောင်းချပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)