သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁:၀၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အမှတ်(၂) ရပ်ကွက်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေး
Jun 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။
မြဝတီမြို့၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်စေရေး အခွန်လွတ်စျေးဆောင်ရွက်
Jun 25,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်း စားသောက်ကုန်များအား စျေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများအား စျေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်စေရေးအတွက် အခွန်လွတ်စျေးအဖြစ် မြဝတီမြို့၊ အမှတ်(၄)ရပ် ကွက်ရှိ ဘိုးရာဇာလမ်းတွင် ယမန်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်‌ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် Hot Line ဖုန်းနံပါတ်စတေကာများ ဖြန့်ဝေခြင်းအခမ်းအနားပြုလုပ်
Jun 25,2023
တနင်္သာရီတိုင်း‌‌ဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ  ဦးဆောင်၍ တိုင်း‌ဒေသကြီး၊ပြည်နယ်အသီးသီးသို့  ပြေးဆွဲလျက်ရှိသော  ခရီးသည် သယ်ယူပို့ဆောင်ရေး  မော်တော်ယာဉ်အသင်းများအား လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲနှင့်Hot Line ဖုန်းနံပါတ်စတေကာများ ဖြန့်ဝေခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က  ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊   အဝေးပြေးယာဉ် ရပ်နားစခန်း၌ ကျင်းပ ပြုလုပ်ခဲ့ရာ ကော့သောင်းခရိုင်  လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ လူကုန်ကူးမှုတားဆီး နှိမ်နင်း‌‌ရေးရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ခရီးသည်သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်အသင်းမှ တာဝန်ခံများ၊ ယာဉ်မှူးများ၊ယာဉ်နောက်လိုက်များနှင့်ခရီးသွားပြည်သူများ တက်ရောက်ခဲ့ကြသည်။
ချောက်မြို့နယ် အနော်ရထာတံတားထိပ်ဂိတ်၌ တရားမဝင်ကုန်သွယ်မှု မရှိ‌‌စေရေးကွင်းဆင်းစစ်ဆေး
Jun 25,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ ဧရာဝတီမြစ်ကူး အနော်ရထာတံတားထိပ်ဂိတ်၌ ‌ယမန်နေ့ နံနက်၉နာရီအချိန်က မော်တော်ကားများပေါ်တွင်တရား မဝင်ကုန်သွယ်မှုမရှိ​စေရေး မော်တော်ကားယာဉ် အဝင် /အထွက်စစ်ဆေး​ခြင်းများ ဆောင်ရွက်​​နေမှုကို ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်
Jun 25,2023
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာ​ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင်  အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌  ပြုလုပ်ခဲ့သည်။
ရန်ကင်းပညာရေးကောလိပ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ
Jun 25,2023
ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းပညာရေးကောလိပ်(မြတ်ပညာခန်းမ)တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပိုက်ဆံလျှော်သစ်စိမ်း မြေဩဇာထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲ လွိုင်ကော်မြို့၌ကျင်းပ
Jun 25,2023
ပိုက်ဆံလျှော်သစ်စိမ်း မြေဩဇာထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ချိကယ်ကျေးရွာအုပ်စုရှိ နေကြာစိုက်ခင်းတွင်  ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဒီးမော့ဆိုမြို့နယ်မှ စိုက်ပျိုးတောင်သူများ တက်ရောက်ခဲ့ကြသည်။