သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြိုနယ်စာရေးဆရာအသင်းမှ သက်ကြီးစာပေပညာရှင်ကြီးများအား ပူဇော်ကန်တော့ပွဲ ကျင်းပ
Jan 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြိုနယ်စာရေးဆရာအသင်းမှကြီးမှူးကျင်းပသော စာဆိုတော်နေ့အထိမ်းအမှတ် မြို့နယ်အတွင်းရှိ သက်ကြီးစာပေပညာရှင်ကြီးများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီက (၃၀)ရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းရှိ သီရိအောင်မြေဗဟိုဓမ္မာရုံတွင် ကျင်းပခဲ့သည်။
မိတ္ထီလာမြို့နယ်တွင်  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  မူလတန်းအဆင့် ပုံပြောပြိုင်ပွဲ ကျင်းပ
Jan 01,2024
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင်  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထူအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တွင်  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
ငွေဆောင်ကမ်းခြေတွင် (၂၀၂၃) ခုနှစ်အတွင်း အပန်းဖြေလာရောက်သူများဖြင့် စည်ကား
Jan 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေတွင် ၂၀၂၃ ခုနှစ်အတွင်း အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် သွားရောက်ရောင်းချပေး
Jan 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယနေ့နံနက် (၉) နာရီအချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုနှင့်အတူ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံစားသောက်ကုန် များအား ဈေးနှုန်းချိုသာစွာဖြင့် သွားရောက်ရောင်းချပေးခဲ့သည်။
စစ်ကိုင်းတောင်ရိုးရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် စုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 01,2024
စစ်ကိုင်းတောင်ရိုးရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်စုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ (၁) ရက်၊ နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာနှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲ အခမ်းအနားကျင်းပ
Jan 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် သကျမဟာသီရိဘုရားကြီးတွင် ယနေ့နံနက် ၅ နာရီခွဲအချိန်က ဝါးခယ်မမြို့ မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် သာပေါင်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (ကွမ်းခြံကုန်း) တိုးချဲ့ဆောင်ဆောက်လုပ်နေမှုအား မြို့နယ်ကြီးကြပ်မှုကော်မတီမှ ကြည့်ရှုစစ်ဆေး
Jan 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငဝန်ကြို့ကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း (ကွမ်းခြံကုန်း) တိုးချဲ့ဆောင် ဆောက်လုပ်နေမှုအခြေအနေများအား ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်က လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။