သတင်းများ

တံတားဦးမြို့နယ်တွင် ဂျုံသီးနှံ (၄၀၆ )ဧက စိုက်ပျိုးပြီးစီး
Jan 01,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဆောင်းသီးနှံ တစ်ခုဖြစ်သည့် ဂျုံသီးနှံ(၄၀၆)ဧက စိုက်ပျိုးပြီးစီးကြောင်း တံတားဦးမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိ
Jan 01,2024
ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးခြင်းကို စာသင်ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာများနှင့်ရုံးဌာနများသို့ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ဝန်ထမ်းများက ကျည်တောင်ကန်အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် သုတ၊ ရသစာအုပ်မျိုးစုံ ၁၀၀ကျော်ကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။     
စလင်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ
Jan 01,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်  လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၁ နာရီ ၄၅အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေခဲ့သည်။
၂ဝ၂၄ ခုနှစ်၊နှစ်သစ်ကို ကြိုဆိုခြင်း အထိမ်းအမှတ် စည်ကားသိုက်မြိုက်ပျော်ရွှင်စွာဆင်နွှဲ
Jan 01,2024
မန္တလေးမြို့၌ ၂ဝ၂၄ ခုနှစ် နှစ်သစ်ကူး ပြောင်းခြင်းကို နိုင်ငံသူ၊ နိုင်ငံသားများက ညဉ့်နက် သန်းခေါင်ယံအထိစောင့်ဆိုင်း၍ နှစ်သစ်ကို ကြိုဆိုခြင်း အထိမ်းအမှတ်အဖြစ် စည်ကား သိုက်မြိုက်ပျော်ရွှင်စွာ တပျော်တပါးကြိုဆိုခဲ့ကြသည်။
မြို့သစ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jan 01,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများကို မြို့သစ်မြို့ မြို့မစျေး၌ ယနေ့နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။
မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ (၇၆)နှစ်မြောက်လွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Jan 01,2024
(၇၆)နှစ်မြောက် လွပ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဆောင်ရွက်ခဲ့သည့် ဆပ်သွာတော-ကြာကန်စုကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ဝါးခယ်မ)ကျောင်း၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်း သက်သာစွာဖြင့်ရောင်းချ
Jan 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကဝဲညောင်ချောင်းကျေးရွာရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ)ကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။