သံတွဲမြို့၌ ကြက်ဥနှင့်အသားများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

သံတွဲ ဇန်နဝါရီ  ၁

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၇ နာရီမှ စတင်၍ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းဝန်းအတွင်း၌ ဝန်ထမ်းမိသားစုများအား ကြက်ဥနှင့်အသားများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း ဝန်ထမ်းမိသားစုများအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် သံတွဲမြို့မဈေးမှအသားဆိုင်များက လာရောက်၍ရောင်းချပေးခဲ့သည်။ ထိုသို့ရောင်းချရာတွင် ကြက်သားတစ်ပိဿာလျှင်(၉၀၀ဝိ/-)ကျပ်၊ ဝက်သားတစ်ပိဿာ (၁၄၀၀ဝိ/-)၊ အမဲသားတစ်ပိဿာ(၁၃၀၀ဝိ/-) ကြက်ဥတစ်လုံး(၃၅ဝိ/-)နှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဝန်ထမ်းများက အားရဝမ်းသာစွာဖြင့် ဝယ်ယူအားပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါဈေးရောင်းချနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)