မိုင်းယု ဇန်နဝါရီ ၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲတွင် မြို့အုပ်ချုပ်ရေးမှူးဦးလောထွေးက ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခြင်းနှင့် “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နယ်မြေခံရဲစခန်းမှ စခန်းမှူးရဲအုပ်နိုင်နိုင်ဝင်းက “လူငယ်နှင့်ရည်မှန်းချက်” အကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဦးအားချာက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံနှင့် လူငယ်နှင့်စာဖတ်ခြင်းစသည့်အကြောင်းအရာများကို ပညာပေးဟောပြောခဲ့ကြကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်တို့ကို ပြသပေးပြီး ကျောင်းသားလူငယ်တို့အား စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်