သတင်းများ

ညောင်တုန်းမြို့နယ်တွင် တိရစ္ဆာန်အစာပင် နေဗီယာ၊ စူပါလိ(ဖ်)နှင့် အစ္စရေးမြက်ချို သရုပ်ပြစိုက်ပျိုးပွဲကျင်းပ
Jun 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်‌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် နေဗီယာ၊ စူပါလိ(ဖ်)နှင့် အစ္စရေးမြတ်ချို သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့ နံနက် ၉နာရီအချိန်က ပဲရုံဆိပ်ကျေးရွာရှိ ဦး‌မြတ်သိန်းထွန်း၏ လယ်မြေ(၅.၅၀)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပုံပါကျင်မြို့၌ (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်‌ ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ
Jun 23,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့နယ် တွင် ၂၀၂၃ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး ဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက် ကမ်းစာစောင်များကို ၂၀၂၃-ခုနှစ်၊ ဇွန် လ ၂၃ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ပုံပါကျင်မြို့ အ‌ခြေခံပညာအထက်တန်း‌ကျောင်းသို့ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်၊ ဗဟိုဈေးကြီးအတွင်း ကုန်စည်(၁၀)မျိုးနှင့် စပ်လျဥ်း၍ ဘေးအန္တရာယ် ရှိ/မရှိ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Jun 23,2023
ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကျောက်မဲမြို့ ဗဟိုဈေးကြီးအတွင်းရှိ စားသောက်ကုန်၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေသည့် အရောင်းဆိုင်များအား ကုန်စည်(၁၀)မျိုးနှင့်စပ်လျဥ်း၍ ဘေးအန္တရာယ် ရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌  မိုးရာသီလေကာအုန်းပင် စိုက်ပျိုးပွဲတော်ကျင်းပ
Jun 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့၏ ဦးဆောင်မှုဖြင့် သဘာဝပတ်ဝန်ကျင်းစိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များ  ထိန်းသိမ်းခြင်းနှင့်   အပူချိန်လျော့ချစေရန် ရည်ရွယ်၍  မိုးရာသီလေကာအုန်းပင်  စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က  တောင်ဘက်ပိုင်းရပ်ကွက်  လမ်ဘေးဝဲယာတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အ.ထ.က(ခွဲ)သုံးခွကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရောင်ပြစ်ကွင်းအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) သုံးခွ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ကွန်ဟိန်းမြို့၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်
Jun 23,2023
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ မြို့နယ်ရဲစခန်း၌ သွေးလွန်တုတ်ကွေးရောဂါ ကင်းဝေးစေရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့်ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရေး ပိုးလောက်လန်းများ ခိုအောင်းမှုမရှိစေရေးအတွက် (အဘိတ်ဆေး)ခတ်ခြင်းများကို ယနေ့နံနက် (၉)နာရီအချိန်က တွင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ အမျိုးသမီးများဘဝဖွံဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ပြုလုပ်
Jun 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသော အမျိုးသမီးများ ဘဝဖွံဖြိုးတိုးတက်ရေး အသိပညာပေး Talk Showကို ယမန်နေ့ ညနေ(၄)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ
Jun 23,2023
ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါး ကင်းရှင်းစေရေးကို ရည်ရွယ်ကာ ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် (၉)နာရီအချိန်၌ ဘိုကလေးမြို့ပေါ်ကျောင်းများသို့ သွားရောက်ကာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။