မြို့သစ်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မြို့သစ် ဇန်နဝါရီ  ၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်ဝင်းအိဇွန်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြား၍ Book Club အဖွဲ့ဝင် ဆရာကြီးဦးတင်မောင်ဝင်းက ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲကိုကျင်းပရာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲတွ င်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ(Grade–2 မှ ကျောင်းသား၊ ကျောင်းသူ (၃၄)ဦးက ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ ဆက်)