ကာလိ ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နေ့လယ် (၁၂) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ဖြန့်ဝေပေးခြင်းဖြစ်ရာ လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ ပြည်တွင်းစည်းလုံးညီညွှတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ်၊ အမျိုးသားညီညွှတ်ရေး၊ လွတ်လပ်ရေးနှင့်အချုပ်အခြာ မျိုးချစ်စိတ်နှင့်ကာကွယ်ပါ၊ လွတ်လပ်ရေးဆိုသည်မှာနှင့်ရှေ့သို့လှမ်းချီပန်းတိုင်ဆီ စသည့်အချက်များပါဝင်ကြောင်း သိရသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများ လေ့လာဖတ်ရှု့နိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ပြန်/ဆက်)