မိုင်းယောင်း ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အသက်မွေးဝမ်းကြောင်းအထောက်အကူပြု မော်တော်ဆိုင်ကယ်ပြင်သင်တန်းကို ယနေ့နံနက် ၉ နာရီက ဟောင်ကြန့်အုပ်စု၊ ယမ်းခမ်းကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးစိုင်းစိုးစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနအကြီးအကဲများ၊ ဟောင်ကြန့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်စာရေး၊ သင်တန်းသား ၁၀ ဦးနှင့် ပြည်သူများ စုစုပေါင်း အင်အား(၄၅)ဦး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစံလင်းက သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးစိုင်းစိုးစိုးနှင့် တာဝန်ရှိသူများက သင်တန်းသားများကို တန်ဖိုးငွေကျပ် (၅)သိန်းခန့်ရှိ သင်ထောက်ကူပြုပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို ဇန်နဝါရီ ၁ရက်မှ ၃၁ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း