မိုင်းပျဉ်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းပျဉ်း ဇန်နဝါရီ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲပိုင်းက အ.ထ.ကကျောင်းနှင့် အ.ထ.က(ခွဲ)ကျောင်းတို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၄−၁−၂၀၂၃ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှကောက်နုတ်ချက်၊ “လွတ်လပ်ရေးဆိုသည်မှာ” ကဗျာ(မြင်းမူမောင်နိုင်မိုး)၊  “ပြည်တွင်းစည်းလုံး ညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ်” ဆောင်းပါး၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀−၁−၂၉၄၆ ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ “မြန်မာနိုင်ငံသားတို့၏မွေးရာပါတာဝန်”၂၀၂၃ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ကောက်နုတ်ချက်နှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကာတွန်းများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား/သူများထံသို့ လက်ဝယ်အရောက် စောင်ရေ(၂၀၀)ကျော်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး