သတင်းများ

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ၂၀၂၄ ခုနှစ်၊ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အလံလွှင့်တင်ခြင်းအခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ
Jan 04,2024
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်း အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့များတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံတက္ကသိုလ်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲကျင်းပ
Jan 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဒဂုံတက္ကသိုလ် ၌ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကို အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကျင်းပ
Jan 04,2024
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက် သည့် ( ၇၆ ) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယန့နံနက် ၄ နာရီ ၂၀ မိနစ်က ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပခဲ့သည်။
ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း ၍ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 04,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.လ.က(ခွဲ)မြို့အရှေ့ကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုဏ္ဏဝတီလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် ဇီးတောအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများတက်ရောက်
Jan 04,2024
၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ ပုဏ္ဏဝတီလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် ဇီးတောအခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ဖွင့်ပွဲ အခမ်းအနားများကို ယနေ့နံနက်က ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ/မြို့ဖ၊ ရပ်မိ/ရပ်ဖများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ တက်ရောက်ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Jan 04,2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၄) နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားရင်ပြင်၌ ကျင်းပခဲ့သည်။
တောင်ကြီးမြို့၌(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြော၊ ပုံပြင်ပြော၊ ကဗျာရွတ်၊ စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲ  ဆုချီးမြှင့်ပွဲကျင်းပ
Jan 04,2024
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို ကျပန်းစကားပြော၊ ပုံပြင်ပြော ၊ကဗျာရွတ်၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူမြို့နယ်၊ သစ်တောစိုက်ခင်းများအတွင်း၌ ရိုဘတ်စတာကော်ဖီသီးညှပ်စိုက်ပျိုးနိုင်ရေး အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကျင်းပ
Jan 04,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် သစ်တောစိုက်ခင်းများအတွင်း၌ ရိုဘတ်စတာကော်ဖီသီးညှပ်စိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ပသိဟိုတယ်တွင်ကျင်းပသည်။