တောင်ငူ ဇန်နဝါရီ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် သစ်တောစိုက်ခင်းများအတွင်း၌ ရိုဘတ်စတာကော်ဖီ သီးညှပ်စိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့၊ နေ့လယ် ၁ နာရီအချိန်က ပသိဟိုတယ်တွင်ကျင်းပသည်။
ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ကော်ဖီလုပ်ငန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောဝင်းနောင်က သစ်တောစိုက်ခင်းများအတွင်း ရိုဘတ်စတာကော်ဖီ သီးညှပ်စိုက်ပျိုးခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးပြောကြားသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် စီးပွားရေး လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြကာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ရိုဘတ်စတာကော်ဖီကို သစ်တောစိုက်ခင်းများအတွင်း သီးညှပ်စိုက်ပျိုးခြင်းဖြင့် သစ်တောပြန်လည်ရရှိခြင်း၊ သစ်တောလုပ်ငန်းရှင်များ အပိုဝင်ငွေရရှိပြီး ပြည်သူများ အလုပ်အကိုင်ရရှိနိုင်ကြောင်း သိရသည်။
ဇော်ကိုကို(တောင်ငူ)