နေပြည်တော် ဇန်နဝါရီ ၄
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်း အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့များတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အလံလွှင့်တင်ခြင်းအခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားများကို ဧရာဝတီတိုင်းဒေသကြီးရှိ အိမ်မဲမြို့၊ အင်္ဂပူမြို့နှင့် ညောင်တုန်းမြို့နယ်တို့တွင်လည်းကောင်း၊ ကချင်ပြည်နယ်ရှိ ဗန်းမော်မြို့နှင့် မိုးညှင်းမြို့တို့တွင် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးရှိ တနင်္သာရီမြို့နယ်၊ လောင်းလုံးမြို့နယ်၊ ကော့သောင်းမြို့နယ်၊ ပုလောမြို့နယ်၊ ကျွန်းစုမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် မြိတ်မြို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်ရှိ မိုင်းကိုင်မြို့၊ ရပ်စောက်မြို့၊ ဆီဆိုင်မြို့နယ်၊ လားရှိုးမြို့နယ်၊ မိုင်းယုမြို့၊ မက်မန်းမြို့၊ ရွာငံမြို့နယ်၊ တာချီလိတ်မြို့နယ်၊ ကလောမြို့၊ ကျိုင်းတုံမြို့နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းခတ်မြို့၊နမ့်စန်(တ)မြို့နယ်၊ မိုင်းယန်းမြို့၊ မိုင်းပျဉ်းမြို့၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ကျေးသီးမြို့၊ မိုင်းယောင်းမြို့၊ မိုင်းဆတ်မြို့၊ လဲချားမြို့နယ်နှင့် မိုင်းရှူးမြို့နယ်တို့တွင် လည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ အမ်းမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် မောင်တောမြို့တွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ လှည်းကူးမြို့နယ်၊ အင်းစိန်မြို့နယ်၊ တိုက်ကြီးမြို့နယ်၊ တာမွေမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဒဂုံအရှေ့၊ ဒဂုံမြောက်၊ ဒဂုံဆိပ်ကမ်း တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကင်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ထန်းတပင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် အလုံမြို့နယ်တို့တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ ဓနုဖြူမြို့၊ ဘိုကလေးမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ရေကြည်မြို့၊ ကျိုက်လတ်မြို့နယ်၊ ဒေးဒရဲမြို့နယ်၊ မိုင်းရှူးမြို့နယ်၊ ဟင်္သာတမြို့၊ ဝါးခယ်မ၊ ဖျာပုံမြို့နယ်၊ မြောင်းမြမြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ မော်လမြိုင်ကျွန်း၊ ငပုတောမြို့နယ်၊ အိမ်မဲမြို့နယ်၊ ပေါက်မြို့နယ်၊ ဇလွန်မြို့နယ်၊ ကြံခင်းမြို့နယ်၊ မြို့သစ်မြို့နယ်၊ လပွတ္တာ၊ မအူပင်၊ မြန်အောင်မြို့နှင့် မာန်အောင်မြို့နယ်တို့တွင်လည်းကောင်း၊ မွန်ပြည်နယ်ရှိ သံဖြူဇရပ်မြို့၊ မုဒုံမြို့နယ်၊ သထုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ကျိုက်ထိုမြို့နှင့် ညောင်တုန်းမြို့နယ်တို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီးရှိ စေတုတ္တရာမြို့နယ်၊ ဆင်ပေါင်ဝဲ မြို့နယ်၊ ငဖဲမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ပခုက္ကူမြို့နယ်၊ စလင်းမြို့နယ်၊ ကံမမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ မင်းတုန်းမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ အထက်မင်းလှမြို့နယ်နှင့် သရက်မြို့တို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးရှိ ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ နတ်တလင်းမြို့၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့၊ ဇီးကုန်းမြို့နယ်၊ ပြည်မြို့၊ သဲကုန်းမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ မင်းလှမြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ရွှေတောင်မြို့နယ်၊ သာယာဝတီ၊ ပန်းတောင်းမြို့၊ မိုးညို၊ ကျောက်တံခါးမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ဖြူးမြို့နယ်နှင့် မိုးကောင်းမြို့နယ်တို့တွင်လည်းကောင်း၊ နေပြည်တော်ရှိ ပျဉ်းမနားမြို့နယ်၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ စစ်ကိုင်းမြို့၊ ရေဦးမြို့နယ်၊ ကျွန်းလှမြို့နှင့် တမူးမြို့နယ်တို့တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ ပုသိမ်ကြီးမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံမြို့နယ်၊ မြစ်သားမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တောင်သာမြို့နယ်၊ မတ္တရာမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်တို့တွင်လည်းကောင်း အသီးသီးကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦစွာ အခမ်းအနားများတွင် နိုင်ငံတော်အလံအား လွှင့်တင်ပြီး တက်ရောက်လာသူများက အလေးပြုခဲ့ကြသည်။ ထို့နောက် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကိုကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှပေးပို့သည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာကို သက်ဆိုင်ရာတာဝန်ရှိသူများက ဖတ်ကြားခဲ့သည်။
အဆိုပါ အခမ်းအနားများသို့ တက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။