သတင်းများ

ပြင်ဦးလွင်ခရိုင်၊ အားကစားကွင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
Jan 05,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပခဲ့ပြီး ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  ကလေးပြိုင်ပွဲနှင့် စံပြမိခင်ပြိုင်ပွဲ ကျင်းပ
Jan 05,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၌ ၂၀၂၄ ခုနှစ်၊ ယမန်နေ့က ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်း၍ ကလေးပြိုင်ပွဲနှင့် စံပြမိခင်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မန္တလေးဗဟို အကျဉ်းထောင်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁(၁)အရ အကျဉ်းသား ၈၆၂ ဦး၊ အကျဉ်းသူ ၁၈၉ ဦး၊ ပေါင်း ၁၀၅၁ ဦးတို့အား လွတ်ငြိမ်းသက်သာခွင့်ပြု
Jan 05,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၄-၁-၂ဝ၂၃ ရက်စွဲပါ အမိန့်အမှတ်၊ ၁/၂၀၂၄ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကိုနားလည်စေရန်လည်းကောင်း၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁(၁) အရ လွတ်ငြိမ်းသက်သာခွင့်ပြုသည့်အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘို/ရွှေကျင်ရပ်ကွက်ရှိ မန္တလေးဗဟိုအကျဉ်းထောင်ဓမ္မာရုံတွင် ပြုလုပ်သည်။
ဆင်ပေါင်ဝဲမြို့နယ်၊ ဘုရားငါးဆူစေတီတော်မြတ်ကြီးတွင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 05,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ ဘုရားငါးဆူစေတီ တော်မြတ်ကြီးတွင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားအား ယမန်​နေ့ နေ့လယ် ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဘုတ်ပြင်းမြို့ စံပြမိခင်၊ ကလေးပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jan 05,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်၊ ကလေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့က မြို့နယ်မိခင်နှင့်စောင့်ရှောက်ရေးအသင်းရုံးတွင် ကျင်းပခဲ့သည်။
မိတ္ထီလာအကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား/အကျဉ်းသူ (၇၆)ဦးအားလွှတ်ပေး
Jan 05,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အကျဉ်းဦးစီးဌာနမှ လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား/အကျဉ်းသူ (၇၆)ဦးကို ယမန်နေ့နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်က နန်းတော်ကုန်းရပ်ကွက်ရှိ အကျဉ်းထောင်မှလွှတ်ပေးခဲ့ကြောင်း သိရသည်။
ပုဂံ- ညောင်ဦးခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ (Destination Management Organization (DMO) လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်
Jan 05,2024
ပုဂံ-ညောင်ဦးခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ (DMO) လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ညောင်ဦးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်တွင်ကျင်းပရာ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး (DMO) ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ဖိတ်ကြားထားသည့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊  DMO အဖွဲ့တွင် ပါဝင်သော အသင်းအဖွဲ့များ ဒေသခံများ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ပုဂံ-ညောင်ဦးခရီးစဉ် ဒေသစီမံခန့်ခွဲရေးကော်မတီ (DMO) ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးတိုးလွင်က အဖွင့်အမှာ စကားပြောကြားပြီး၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက (Destination Management Organization, DMO)  ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ငါန်းဇွန်မြို့ မပြည်သူ့အားကစားကွင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
Jan 05,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့မပြည်သူ့အားကစားကွင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၈ နာရီအချိန်မှ စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲများအလိုက် ဆုရရှိသည့်အသင်းများ၊ ဆုရရှိသူများအား ပြိုင်ပွဲများအပြီးတွင် ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။