သတင်းများ

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား(၃)ယောက်တွဲ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်ရပ်ကွက်/ကျေးရွာပေါင်းစုံ ဖိတ်ခေါ်အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Jan 05,2024
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား(၃)ယောက်တွဲ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဖိတ်ခေါ်အမျိုးသား(၄)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် စူပါဘိုကာရှီ မြေဆွေးပုံများ လက်တွေ့ပြုလုပ်ပြသ
Jan 05,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် စူပါဘိုကာရှီ မြေဆွေးပုံများ လက်တွေ့ပြုလုပ်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ နည်းပညာပေး လက်တွေ့ပြုလုပ်ပြသခဲ့သည်။
ဝမ်းတွင်းမြို့နယ် မြစ်သူငယ်ကျေးရွာရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၃ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ စတုတ္ထအကြိမ်ထုတ်ချေး
Jan 05,2024
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ မြစ်သူငယ်ကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၃ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ်ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်အတွင်းရှိ အသက် (၂) လ မှ (၂) နှစ်အောက် ကလေးများအား ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေး
Jan 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ အသက် (၂) လမှ (၂) နှစ်အောက်ကလေးငယ်များကို ယနေ့နံနက် ၉ နာရီမှစ၍ အော်ရောရပ်ကွက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာနတွင် ကလေးကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေး လျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့ မဏိစည်သူစည်ပင်သာယာဈေး မီးဘေးလုံခြုံရေးအတွက် မီးဘေးဇာတ်တိုက် လေ့ကျင့်မှု ပညာပေးသရုပ်ပြ 
Jan 05,2024
 မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မဏိစည်သူ စည်ပင်သာယာဈေးကြီးအား  မီးဘေးလုံခြုံစေရေးအတွက် ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများအား မီးဘေးဇာတ်တိုက် လေ့ကျင့်မှုပညာပေးသရုပ်ပြပွဲကို ယမန်နေ့ ၉ နာရီအချိန်ကအဆိုပါ စည်ပင်သာယာဈေးအတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဘူးသီးတောင်အကျဥ်းထောင်မှ နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား/ အကျဉ်းသူ (၄၈)ဦး လွတ်ငြိမ်းခွင့်ရရှိ
Jan 05,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဇန်နဝါရီလ(၄)ရက် နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ဘူးသီးတောင်အကျဉ်းထောင်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန်အမှတ်(၁/၂၀၂၄)အရ အကျဥ်းသား/အကျဉ်းသူများ လွတ်ငြိမ်းခွင့်ပေးခြင်း အခမ်းအနားကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က ဘူးသီးတောင်မြို့ အကျဥ်းဦးစီးဌာန မြတ်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ
Jan 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို မြို့နယ်အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက တောင်ဥက္ကလာပမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။