သတင်းများ

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော်ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Jan 05,2024
နေပြည်တော် ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ နေပြည်တော်ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
မြင်းခြံဗဟိုအကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံနေရသူ (၄၈) ဦး လွတ်ငြိမ်းခွင့်ရရှိ
Jan 05,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြေက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် မြင်းခြံအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ (၄၈) ဦးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုပေးခြင်းကို မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အကျဉ်းဦးစီးဌာန၊ မြင်းခြံဗဟို အကျဉ်းထောင်၌ ပြစ်ဒဏ် ကျခံနေရသူများမှ အကျဉ်းသား (၄၁) ဦးနှင့် အကျဉ်းသူ (၇) ဦး စုစုပေါင်း (၄၈) ဦးကို ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်က လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျင်းပပြုလုပ်
Jan 05,2024
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၀၇း၀၀)နာရီအချိန်က ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ကလိန်အောင်မြို့၌ ထားဝယ်ရိုးရာမုန့်ရောင်းပွဲတော်နှင့် သင်ထောက်ကူပစ္စည်းပြပြိုင်ပွဲကျင်းပ
Jan 05,2024
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ထားဝယ်ရိုးရာမုန့်ရောင်းပွဲတော်နှင့် သင်ထောက်ကူပစ္စည်းပြပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အဆိုပါ ကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့သည်။
မင်းတုန်းမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲကျင်းပ
Jan 05,2024
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲကို မြို့နယ်မိခင်ကလေးအသင်းနှင့် ကျန်းမာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်ရှိ မွေးစမှ တစ်နှစ်ခွဲအရွယ်ထိကလေး (၂၅) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်
Jan 05,2024
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်(၈) အချိန်ခန့်က စတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား တက်ရောက်
Jan 05,2024
၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားသည့်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့ သီရိကွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပခဲ့သည်။