သတင်းများ

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိုင်ကျုံမြို့ အထက်ပိုင်ကျုံ ကွန်ကရစ်လမ်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းပတ်လမ်း၊ အမှတ်(၂)ရပ်ကွက်-ပညာပလီ ကျေးရွာချင်းဆက်လမ်းနှင့် ကမားခို-နောင်ခလုံး သံကူကွန်ကရစ်တံတားတို့အားဖွင့်လှစ်
Jan 04,2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့ အထက်ပိုင်ကျုံ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက အထက်ပိုင်ကျုံရှိ အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
အင်္ဂပူမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံကပ်စာစောင်ပြသခြင်းဆောင်ရွက်
Jan 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စု၊ အ-မ-က (သိုက်တူးကွင်း)ကျောင်းတွင် အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများအား လွတ်လပ်ရေး၏အနှစ်သာရနှင့် လွတ်လပ်ရေး၏တန်ဖိုးကို အမြတ်တနိုးအလေးထားတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်သည်။
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်း မူကြိုကလေးများ ပျော်ပွဲရွှင်ပွဲကျင်းပ
Jan 04,2024
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဦးဆောင်မှုဖြင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်း မူကြိုကလေးများပျော်ပွဲရွှင်ပွဲကို ယမန်နေ့နံနက်က အဆိုပါမူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။
ကျွန်းစုမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲ အခမ်းအနားကျင်းပ
Jan 03,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူး၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်များပြသ
Jan 03,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြသမှုကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပြည်သူ့စာကြည့်တိုက်နှင့် လူထုအခြေပြုဗဟိုဌာနခန်းမတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုးညှင်းတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတို့တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာ စွာဖြင့် ရောင်းချပေး
Jan 03,2024
ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)ကျောင်းတို့တွင် ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းဝင်းတို့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့​သည်။
စဉ့်ကူးမြို့တွင် မြစိမ်းရောင် (အသားကဏ္ဍ) ဒေသနွားမွေးမြူရေး ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲအပ်ပွဲ ကျင်းပ
Jan 03,2024
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် မြစိမ်းရောင် (အသားကဏ္ဍ) ဒေသနွားမွေးမြူရေး ကျေးရွာစီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို စဉ့်ကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ကျင်းပသည်။