သတင်းများ

ပူတာအိုခရိုင်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ကဗျာရွတ်နှင့်ပန်းချီပြိုင်ပွဲကျင်းပ
Jan 03,2024
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် ကျောင်းသားကျောင်းသူများ နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်နှင့်စာဖတ်စွမ်းရည်မြင့်မားလာစေရန်အတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်၊ ကဗျာရွတ်နှင့်ပန်းချီပြိုင်ပွဲကို ဇန်နဝါရီ(၃)ရက် နံနက်(၁၀)နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ဓနုဖြူမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
မိုးမောက်မြို့နယ် Community Centre ခန်းမ၌ လွတ်လပ်ရေးနေ့အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 03,2024
မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်းကို ကျောင်းသားလူငယ်လူရွယ်များ  သိရှိတန်းဖိုးထားတတ်စေရန်နှင့် လွတ်လပ်ရေးနေ့သမိုင်းကြောင်းကိုသိရှိပြီး ချစ်မြတ်နိုးထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍  လွတ်လပ်ရေးနေ့အကြောင်း အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇန်နဝါရီ ၃ရက် နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိ
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၂၀၂၄) ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ရောက်ရှိမည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်မည့် နေရာအား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2024
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေသည့် (၇၆)နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
အိမ်မဲမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်မည့် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်တွင်ကျင်းပခဲ့သည်။
မြန်အောင်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကျင်းပ
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက်က မြို့နယ်ပြန်/ဆက်ရုံးတွင် ကျင်းပခဲ့သည်။
ပဒေသာကုန်းကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ဝါးခယ်မမြို့နယ် ပဒေသာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးဝေလင်း၊ ကျုံမငေးမြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုးနောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဦးဆောင်သော စစ်ကြောင်းကြီးငါးကြောင်းမှ တာဝန်ရှိသူများသည် ၎င်းကျေးရွာရှိဒေသခံပြည်သူ များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။