ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း ၍ အသိပညာပေးဟောပြောပွဲကျင်းပ

ဒိုက်ဦး ဇန်နဝါရီ ၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.လ.က(ခွဲ)မြို့အရှေ့ကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်က ဘဝလှဖို့ စာဖတ်စို့ခေါင်းစဥ်ဖြင့်လည်း အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းဦးက လူငယ်နှင့်ခေါင်းဆောင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အား/ကာသိပ္ပံကျောင်းအကြောင်း သိကောင်းစရာများအကြောင်းကို လည်းကောင်း လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်မာသင်းကကလေးသူငယ်အခွင့်ရေး အကြောင်းဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ဆရာ/ဆရာမ ၇ ဦးနှင့်ကျောင်းသား/ကျောင်းသူ ၉၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)