မိတ္ထီလာအကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား/အကျဉ်းသူ (၇၆)ဦးအားလွှတ်ပေး

မိတ္ထီလာ ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အကျဉ်းဦးစီးဌာနမှ လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား/အကျဉ်းသူ (၇၆)ဦးကို ယမန်နေ့နံနက် ၁၀  နာရီ ၂၀ မိနစ်အချိန်က နန်းတော်ကုန်းရပ်ကွက်ရှိ  အကျဉ်းထောင်မှလွှတ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသန်းဇော်ထိုက်၊ မိတ္ထီလာအကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောဘောနီတို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁/၂၀၂၄ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)အရ ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်မည့် အကျဉ်းသား/အကျဉ်းသူများအား မိတ္ထီလာအကျဉ်းဦးစီးဌာန ဧည့်ရိပ်သာတွင် ဆုံးမသြဝါဒစကားများပြောကြားခဲ့ပြီး အကျဉ်းသား/အကျဉ်းသူများအား ခရီးစရိတ်အဖြစ်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် မိတ္ထီလာမြို့နယ်၊ အကျဉ်းဦးစီးဌာနရှိ အကျဉ်းထောင်မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမန့်အမှတ် ၁/၂၀၂၄ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)အရ ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား (၆၅) ဦးနှင့် အကျဉ်းသူ(၁၁)ဦးတို့ကို လွှတ်ပေးခဲ့ကြောင်း သိရသည်။    

သိန်းမြင့်ကျော်(မိတ္ထီလာ)