ညောင်ဦး ဇန်နဝါရီ ၅
ပုဂံ-ညောင်ဦးခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ (DMO) လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ညောင်ဦးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်တွင်ကျင်းပရာ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး (DMO) ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ဖိတ်ကြားထားသည့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ DMO အဖွဲ့တွင် ပါဝင်သော အသင်းအဖွဲ့များ ဒေသခံများ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ပုဂံ-ညောင်ဦးခရီးစဉ် ဒေသစီမံခန့်ခွဲရေးကော်မတီ (DMO) ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဦးတိုးလွင်က အဖွင့်အမှာ စကားပြောကြားပြီး၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက (Destination Management Organization, DMO) ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပုဂံ-ညောင်ဦး ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ (DMO) အတွင်းရေးမှူး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရှိ ဦးဦးရဲနိုင်က ခရီးစဉ်ဒေသများ သန့်ရှင်းရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသည့် ပုဂံ-ညောင်ဦးဒေသ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ ဧည့်လမ်းညွှန်များအသင်း၊ ပုဂံပလပ်စတစ်ကမ်ပိန်းအဖွဲ့နှင့် တာဝန်ရှိသူများကကော်မတီမှ လက်ရှိဆောင်ရွက်နိုင်မည့်လုပ်ငန်းစဉ်များ၊ ဒေသအတွက်အထိ ရောက်ဆုံး လုပ်ဆောင်ပေးနိုင်မည့်အချက်များကို အသီးသီးဝိုင်းဝန်းဆွေးနွေးကြသည်။ အဆိုပါ ပုဂံ-ညောင်ဦးခရီးစဉ် ဒေသစီမံခန့်ခွဲရေးကော်မတီ (Destination Management Organization DMO)ကို လုပ်ငန်း တာဝန်(၂၁)ချက်ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒီပါလင်း