ဆင်ပေါင်ဝဲမြို့နယ်၊ ဘုရားငါးဆူစေတီတော်မြတ်ကြီးတွင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ ဘုရားငါးဆူစေတီတော်မြတ်ကြီးတွင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားအား ယမန်​နေ့ နေ့လယ်  ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝတ်ရွတ်အသင်းများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ဇန်နဝါရီ (၆) ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဘုရားငါးဆူ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနီယပွဲတော်ကြီးတွင် ဗုဒ္ဓဘုရားရှင်၏ သရီယဓာတ်တော်များနှင့် ရဟန္တာဓာတ်တော်မြတ်များအား မူလစံမြန်းရာ ဂန္ဓကုဋီတိုက်မှ မှန်ကျောင်းဆောင်သို့ ပင့်ဆောင်ပူဇော်ပွဲကို ဇန်နဝါရီ ၇ ရက် နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့ ဘုရားငါးဆူဂေါပက အဖွဲ့ထံမှသိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)