ငါန်းဇွန် ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့မပြည်သူ့အားကစားကွင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၈ နာရီအချိန်မှ စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲများအလိုက် ဆုရရှိသည့်အသင်းများ၊ ဆုရရှိသူများအား ပြိုင်ပွဲများအပြီးတွင် ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများမှာ ကလေးများ ခေါင်းအုံးရိုက်(ကျား)၊ အုန်းသီးရိုက်(ကျား၊ မ)၊ စကောရွက်(မ)၊ အာလူးကောက်(မ)၊ ဂုံနီအိတ်စွပ်(ကျား၊ မ)၊ မီတာ (၅၀၊ ၁၀၀)(ကျား၊ မ) အပြေးပြိုင်ပွဲနှင့် အားကစား ဝါသနာရှင်လူငယ်များ၏ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများဖြစ်ပြီး ပြိုင်ပွဲများအပြီး၌ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပရာ အားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဉက္က ဦးမျိုးမင်းသိန်းနှင့် ကော်မတီဝင်များက အဆိုပါ အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့်အားကစားအသင်းများနှင့် အားကစားဝါသနာရှင်များအားဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)