ပြင်ဦးလွင် ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပခဲ့ပြီး ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲများတွင် ပြေးခုန်ပစ်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ထုပ်စည်းတိုးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲများကို ဇန်နဝါရီလ ၂ ရက်နေ့မှစတင်၍ အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြိုင်ပွဲများ၏ ဗိုလ်လုပွဲစဉ်များ ကျင်းပယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများသို့ ပြင်ဦးလွင်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများနှင့် ရပ်ကွက်ကြီးများမှ အားကစားဝါသနာရှင်များ တပျော်တပါး ဝင်ရောက်ယှဉ်ပြိုင် ကစားနေမှုများကို ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူးဦးအောင်နိုင်ထူး၊ ခရိုင်ပညာရေးမှူး ဒေါက်တာရွှေစင်အိနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အားကစားပြိုင်ပွဲ အသီးသီးတွင်ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဖြူလူသစ်(ခရိုင် ပြန်/ဆက်)