သတင်းများ

ကာလိမြို့၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်း လုပ်ငန်းဆောင်ရွက်
Jan 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများ ရရှိစေရန်နှင့် စာပေဖတ်ရှုလေ့လာတက်စေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်က အခြေခံပညာမူလတန်း မိုင်းယိုင်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့၌(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနား ကျင်းပ
Jan 05,2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ကျင်းပခဲ့သည်
ရခိုင်ပြည်နယ်အတွင်း အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/အကျဉ်းသူ ၂၉၂ ဦးလွတ်မြောက်
Jan 05,2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ အမိန့်အမှတ် ၁/၂၀၂၄ ဖြင့် ယနေ့(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/အကျဉ်းသူ ၂၉၂ ဦးလွတ်မြောက်ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 05,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အောင်ဆန်းအားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနား ပြုလုပ်
Jan 05,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများတွင် ဆုရရှိသောကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ကျွန်းစုမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  အလွတ်တန်းအမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 05,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့မအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
MSMEs လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အခြေခံဆိုလာနည်းပညာနှင့် ဆိုလာတပ်ဆင်ခြင်း သင်တန်းဖွင့်လှစ်
Jan 05,2024
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)တို့ ပူးပေါင်းပြီး အသိပညာရှင်အတက်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ MSMEs လုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်းတို့တွင် အထောက်အကူဖြစ်စေရန် အခြေခံဆိုလာ နည်းပညာနှင့် ဆိုလာတပ်ဆင်ခြင်း သင်တန်းကို ချမ်းအေးသာစံမြို့နယ် ၃၄လမ်းနှင့် ၇၈လမ်းထောင့်ရှိ ရတနာပုံစူပါစင်တာ(စတုတ္ထထပ်) မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ခန်းမဆောင်တွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွန်ဆွဲအားကစားပြိုင်ပွဲ ပျော်ရွှင်စွာဆင်နွှဲ
Jan 05,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကွင်းတွင်းအားကစားပြိုင်ပွဲအဖြစ် လွန်ဆွဲပြိုင်ပွဲအား ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပရာ ဌာနဆိုင်ရာများအဖွဲ့က ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။