သတင်းများ

ဇမ္ဗူသီရိမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနား ကျင်းပ 
Jan 05,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌  ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  နိုင်ငံတော်အလံတင်ခမ်းအနားကို ယနေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ အလံတိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ 
အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ(၂၄၉၇)ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေး
Jan 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၄-၁-၂၀၂၄ ရက်စွဲပါအမိန့်အမှတ်၊ ၁/၂၀၂၄ နှင့် ၂/၂၀၂၄ တို့ဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို နားလည်စေရန် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/ အကျဉ်းသူတို့အား ရာဇဝတ်ကျင့်ထုံး ဥပေဒပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ အကျဉ်းသား၊ အကျဉ်းသူ(၂၄၉၇)ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီ မိနစ်(၅၀)က အင်းစိန်ဗဟိုအကျဉ်းထောင်ဝန်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ အလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ပြည်နယ်ဂုဏ်ဆောင်ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်
Jan 05,2024
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောရဝတီပန်းခြံတွင် ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်က ကျင်းပခဲ့ရာ ရှေ့ဦးစွာ နိုင်ငံတော်အလံတင်အဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စစ်ဘင်ခရာအဖွဲ့တို့မှ ကွင်းအတွင်းနေရာယူ၍ ၂ဝ၂၄ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံအား လွှင့်ထူခဲ့ပြီး နံနက် ၇ နာရီအချိန်တွင် ၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းကို ကျင်းပခဲ့ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတို့က ကွင်းအတွင်းသို့ ချီတက်နေရာယူပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ တက်ရောက်ကြသူများက နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့်ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။
ကျေးလက်နေ ပြည်သူများ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအချောထည် လူသုံးကုန်ပစ္စည်း ပြုလုပ်နည်းသင်တန်းဖွင့်ပွဲ ကျင်းပ
Jan 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ကျေးလက်နေပြည်သူများ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအချောထည် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို၊ ယနေ့ နံနက်(၉)နာရီက ဆုံရွာကျေးရွာအုပ်စု ရိုးခြားကျေးရွာရှိ ရပ်မိရပ်ဖ ဦးရဲဝင်းစိုး၏ နေအိမ်ဝန်း ယာယီမဏ္ဏပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဘားအံတက္ကသိုလ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 05,2024
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာပေဟာပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ် (ငုရွှေဝါ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဥပဒေချုပ်၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဘာသာရပ်ဌာနအသီးသီးမှ ကျောင်းသား/ကျောင်းသူများ၊ ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားစုံညီပွဲတော်ကျင်းပ
Jan 05,2024
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသားစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံ ပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကျင်းပ
Jan 05,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကို ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
သထုံမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့၌ ပျော်ရွှင်ဖွယ်ရာအားကစားပြိုင်ပွဲများ ကျင်းပခြင်း ရောင်စုံမီးများ ဂုဏ်ပြုထွန်းညှိခြင်းများပြုလုပ်
Jan 05,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့၊ ယမန်နေ့၌ ပြည်သူအပေါင်းတို့က ပျော်ပွဲရွှင်ပွဲအားကစားအစီအစဉ်များကျင်းပခြင်း အထင်ကရနေရာများ၊ ရုံးဌာနများ၌ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရောင်စုံမီးများ ထွန်းညှိအလှဆင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။