နည်းပညာတက္ကသိုလ်(တောင်ငူ)၌ မိုးရာသီ ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနား ကျင်းပ

တောင်ငူ ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၊ ဘက်စုံသုံးအားကစားခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီ ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင် (၁၆)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပလျက်ရှိရာ   ယမန်နေ့မွန်းလွဲပိုင်းက အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနား ကျင်းပသည်။

ထိုသို့ ကျင်းပရာတွင် နည်းပညာတက္ကသိုလ်(တောင်ငူ) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်နှင့် ဌာနမှူးများ၊ ဆရာ၊ ဆရာမများက  အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် စက်မှူအင်ဂျင်နီယာအသင်း၊ ဒုတိယဆုရရှိသည့် မြို့ပြအင်ဂျင်နီယာအသင်း၊ ဖူဆယ်ဘောလုံး(မ)တွင် ပထမဆုရရှိသည့် စက်မှုအီလက်ထရွန်နစ်အသင်း၊ ဒုတိယဆုရရှိသည့် ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာအသင်း၊ ပိုက်ကျော်ခြင်း (၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် စက်မှုအင်ဂျင်နီယာအသင်း၊ ဒုတိယဆုရရှိသည့် စက်မှုအီလက်ထရွန်နစ်အသင်း၊ ပိုက်ကျော်ခြင်း (၂)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာအသင်း၊ ဒုတိယဆုရရှိသည့် စက်မှုအီလက်ထရွန်နစ်အသင်း၊

စားပွဲတင်တင်းနစ်ပြိုင်တွင် ပထမဆုရရှိသည့် စက်မှုအင်ဂျင်နီယာသင်တန်းမှ မောင်ဟန်ထူးအောင်၊ ဒုတိယဆုရရှိသည့် စက်မှုအင်ဂျင်နီယာသင်တန်းမှ မောင်စောထူးဂေးဂေး၊  ကြက်တောင်ရိုက်(တစ်ဦးချင်း) အားကစားနည်းတွင် ပထမဆုရရှိသည့် ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာသင်တန်းမှ မောင်ဟန်မင်းထွဋ်၊ ဒုတိယဆုရရှိသည့် မြို့ပြအင်ဂျင်နီယာသင်တန်းမှ မောင်မင်းခန့်ရဲထွန်းနှင့် အားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့် အားကစားသမားများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား၊ ကျောင်းသူများက သီဆိုကပြဖျော်ဖြေကြကာ အားကစားပြိုင်ပွဲအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ဇော်ကိုကို(တောင်ငူ)