အုတ်တွင်း ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချမှုရှိစေရေးနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် စစ်ဆေးရေးအဖွဲ့တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက Petro K စက်သုံးဆီအရောင်းဆိုင်တွင် လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင် ဦးဆောင်ပြီး မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့မှ ပူးပေါင်း၍ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီစျေးနှုန်း မှန်ကန်စွာရောင်းချမှု ရှိ/မရှိ၊ အကန့်အသတ်ဖြင့်ရောင်းချမှု ရှိ/မရှိ၊ ချိန်တွယ်ရာတွင် မှန်ကန်မှုရှိ/မရှိ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် စက်သုံးဆီသိုလှောင်ထားရှိမှု အခြေအနေများကို လိုက်လံစစ်ဆေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)